ကျိုက်လတ် မတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီခန့်က ကျောင်းကျန်းမာရေး ကော်မတီအစည်းအဝေး ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းက ကျိုက်လတ်မြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းကျန်းမာရေးနှင့် ပတ်သက်၍ စစ်ဆေးခဲ့မှုများအပေါ် စံပြကျောင်းရွေးချယ်ခြင်းနှင့်ပတ်သက်၍ အစည်းအဝေး ခေါ်ယူခြင်း ဖြစ်ကြောင်း၊ စံပြကျောင်းများအား အထက်တန်းအဆင့် (၃) ကျောင်း၊ အလယ်တန်း အဆင့်(၃)ကျောင်းနှင့် မူလတန်းအဆင့် (၃) ကျောင်းရွေးချယ်၍ ဆုများချီးမြှင့် သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေးကိစ္စများနှင့်ပတ်သက်၍ သိသင့်သည်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများက သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးက ပြန်လည် ဖြေကြားဆွေးနွေး ခဲ့ကြောင်း သိရသည်။
ဒေါ်ရီရီမြင့်
ဦးစီးအရာရှိ(ကျိုက်လတ် ပြန်/ဆက်)