အမြို့မြို့အနယ်နယ်သတင်းများ

Mar 10,2022
နေ့စဉ်လူနေမှုဘဝတွင် မရှိမဖြစ်အသုံးပြုလာလျက်ရှိသော မိုဘိုင်းဖုန်းကို ကောင်းမွန်စွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ အခြေခံ မိုဘိုင်းဖုန်းအသုံးပြုနည်း သင်တန်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းတွင် နွေစပါးသီးနှံ ၇၀၄၃ ဧကအထိ စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Mar 10,2022
အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကို ထိရောက်စွာ အကောင်အထည် ဖော်ခြင်းဖြင့် နိုင်ငံတော်၏ ဦးစားပေးကဏ္ဍများဖြစ်သည့် ငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး၊ ထုတ်လုပ်မှု စွမ်းအားမြှင့်တင်ရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးနှင့် သဘာဝဘေး အန္တရာယ်ကို ခံနိုင်ရည်စွမ်းအားမြင့်မားစေရေးတို့တွင် အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေနိုင်ကြောင်း၊ ကမ္ဘာ တစ်ဝန်းလုံးရှိ သုတေသန အထောက်အထားများအရ ကျား၊ မ ရေးရာတန်း တူညီမျှမှု မရှိခြင်းကို လျော့ချနိုင်မည်ဆိုပါက ကုန်ထုတ်လုပ်မှု စွမ်းအားနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ကြောင်း၊ ယနေ့ကျရောက်သော အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့အတွက် ကုလသမဂ္ဂမှချမှတ်ပေးသည့် ဆောင်ပုဒ်မှာ “ စဉ်ဆက်မပြတ်တိုးတက်ဖို့ ကျား၊ မ တန်းတူညီမျှစို့” ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားများနှင့်အတူ အမျိုးသမီးများက တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ကယားပြည်နယ် အမျိုးသမီးကော်မတီဉက္ကဋ္ဌ၊ ကယားပြည်နယ်အစိုးရ အဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် လွိုင်ကော် မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား၌ အဖွင့်အမှာစကားပြောကြားခဲ့သည်။
Mar 10,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covidshield(၂)ကြိမ် ထိုးနှံပြီး(၆)လပြည့်ပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်း၊ သတ္တမအသုတ်(ဒုတိယ)အကြိမ်ထိုးနှံပေးခြင်းနှင့် အဋ္ဌမအသုတ်(ပထမ)အကြိမ် ထိုးနှံပေးခြင်းတို့ကို ယနေ့နံနက် ၁၀နာရီမှ မွန်းလွဲ ၃နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံဟောင်း ဆေးထိုးစုရပ်နေရာနှင့် သစ်ပုံ၊ ဆားချက်၊ ကျောက်တန်း ကျေးလက်ကျန်းမာရေးဌာနများတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Mar 10,2022
ကရင်ပြည်နယ် မြဝတီခရိုင်စုကလိမြို့ သမိုင်းဝင်ဆံတော်ရှင်မုလအိစေတီတော်မြတ်ကြီး၏ ပထမအကြိမ်အဖြစ် ဗုဒ္ဓပူဇေနိယပွဲတော် အဖြစ် တာနောထကျေးရွာ မုလအိတောင်ခြေ ယာဉ်ရပ်နားစခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 10,2022
ရန်ကုန်ကိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာ‌ရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား/ သူများအား နွေရာသီကျောင်းပိတ်ရက် ရှည်ကာလအတွင်း စာကြည့်တိုက်နှင့်ရင်းနှီးမှု ရရှိစေရန်၊ စာဖတ်သည့်အလေ့အထ့ရရှိစေရန်၊ စာပေကိုမြတ်နိုးတန်ဖိုးထားတက်‌စေရေးနှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့်  တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ဒေါက်တာကျော်စိန်ရေးသားသည့်  "လူငယ်လမ်းညွှန် " စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Mar 10,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ယခုလိုပဲ တွေ့ဆုံမေးမြန်းခဲ့ပါတယ် -
Mar 10,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ဒေသခံပြည်သူ များ အသိပညာတိုးပွားစေရန်၊ စာဖတ်သည့်အလေ့အကျင့်ရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီက စာဖတ်ဝိုင်းဆောင်ရွက်သည်။