ဒေးဒရဲ မတ်လ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ စက်သုံးဆီစျေးနှုန်းနှင့် အချင်အတွယ်မှန်ကန်စွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် အမှတ်(၂)ရပ်ကွက်ရှိ ရတနာကောင်းကင် ဆီဆိုင်အား ယနေ့နေ့လယ်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနက တာဝန်ရှိသူများ ပါဝင်သည့် စက်သုံးဆီစျေးကွက် စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့သည် ရတနာကောင်းကင် စက်သုံးဆီ အရောင်းဆိုင်တွင် ရောင်းချလျက်ရှိသော ဒီဇယ်နှင့် ပရီမီယံဒီဇယ် ဈေးနှုန်းနှင့် အချင်အတွယ် မှန်ကန်စွာ ရောင်းချမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးပြီး ပြည်သူများ စက်သုံးဆီ စျေးနှုန်းနှင့် အချင်အတွယ်မှန်ကန်စွာ ရောင်းချစေရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ရွှေဒေးသူ