အမြို့မြို့အနယ်နယ်သတင်းများ

Mar 10,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ဒေသခံပြည်သူ များ အသိပညာတိုးပွားစေရန်၊ စာဖတ်သည့်အလေ့အကျင့်ရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီက စာဖတ်ဝိုင်းဆောင်ရွက်သည်။
Mar 10,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးရ သေးသည့် မြို့ပေါ်ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးဝန်ထမ်းနှင့် လူမှုအသင်းအဖွဲ့များစု ပေါင်းပြီး မတ်လ ၉ရက်နေ့မှစတင်ပြီး ကွင်းဆင်းထိုးနှံပေးကြကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံက သိရသည်။
Mar 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ရှမ်းပြည်နယ်လုံးဆိုင်ရာ ရှမ်းသံဃအဖွဲ့ချုပ်မှ ကြီးမှူး၍(၃၈) ကြိမ်မြောက် ပရိယတ္တိသဓ္ဓမ္မပါလစာပွဲတော် စာဖြေသံဃာဆုနှင့်  ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတော်မှ သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင် သူမြတ်တို့အား ဂုဏ်ပြုပူဇော်ပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီ အချိန်က  နာဟောင်ရပ်ကွက်ရှိ ရွှေကျောင်းတော် ဘုန်းတော်ကြီးကျောင်းတိုက်နေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 10,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် စက်ရုံအလုပ်ရုံများတွင် စစ်ဆေးခြင်းများကို ယမန်နေ့က မြို့နယ် မီးသတ်ဦးစီးဌာနမှ ကွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှု လျော့နည်း ပပျောက်စေရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကြူတောကန်ကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဆေးထိုးစုရပ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 10,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၈ နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက မြို့ပေါ်စျေးများနှင့် လူစည်ကားစုဝေးရာ နေရာတို့၌ အရှိန်အဟုန်မြှင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ သည်။
Mar 10,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းကာ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။