တန့်ယန်း မတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဒုတိယအကြိမ် စျေးပြိုင် လေလံစနစ်ဖြင့် စိစစ်ရောင်းချခြင်းကို ယနေ့ကျင်းပခဲ့သည်။
မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်း လိုင်စင်များအား စျေးပြိုင်လေလံစနစ်ဖြင့် မတ်လ ၃ ရက်နှင့် ၄ ရက်နေ့ များတွင် ပထမအကြိမ် ရောင်းချပေးခဲ့ပြီး ကျန်ရှိနေသေးသော ကျေးလက်ဝက်သားနှင့် အမဲသား သားသတ် လုပ်ငန်း ၁၃ ခုအား လိုင်စင်စည်းကမ်းချက်ပါ ညွှန်ကြားချက်များနှင့်အညီ ဒုတိယအကြိမ် စိစစ်ရောင်းချပေးခဲ့ခြင်းကြောင့် အရပ်ရပ် အခွင့်အရေး လိုင်စင်လုပ်ငန်း (၁၈)ခုနှင့် သားသတ်ခွင့်လိုင်စင် (၂၂)ခုတို့အား အောင်မြင်စွာ ရောင်းချ ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)