အမြို့မြို့အနယ်နယ်သတင်းများ

Mar 11,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အကြောင်း အမျိုးမျိုး ကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၁၆ဦးအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
Mar 11,2022
မိုးကြို၊ မိုး၊ ဆောင်း၊ ရာသီအလိုက် စိုက်ပျိုးသော သီးနှံများအတွက် တောင်သူလယ်သမားများ လိုအပ်သော စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် နှစ်စဉ် ထုတ်ချေးပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲတွင် ယနေ့နံနက် ၉ နာရီခွဲမှစတင်၍ တောင်သူများအား မိုးကြိုစိုက်ပျိုးစရိတ်ချေးငွေများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Mar 11,2022
ပခုက္ကူမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သည့် ကျွန်းများတွင် စိုက်ပျိုးသည့် စီပီပြောင်း (ပြောင်းဖူး)များ မတ်လအတွင်း ရိတ်သိမ်းချွေပြီး ဈေးကွက်အတွင်း ရောက်ရှိလာရာ ယမန်နှစ်ထက်‌ ဈေးနှုန်းကောင်း၍‌ တောင်သူများဝင်‌ ငွေပိုမိုရရှိကြောင်း သိရသည်။
Mar 11,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ မကောအုပ်စု၊ ကျောင်းကုန်းကျေးရွာ၊ သီရိမင်္ဂလာရွှေကျားကျောင်း၌ တည်ထားကိုးကွယ်တော်မူသော ဇမ္ဗူအေးအောင်စကြာမုနိစေတီတော် ထီးတင်ပွဲအတွက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ဆင်ဆာ့မ်ရပ်ကွက်၊ မြို့မကျောင်း၌ ပြုလုပ်သည်။
Mar 11,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတ ပူးပေါင်းပြီး ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် (၇)နာရီခွဲအချိန်က ကြံခင်းမြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် မြို့မဈေးရှေ့ လူစည်းကားရာ နေရာများတွင် အသိပညာပေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 11,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်စေရန်ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၌ အသံချဲစက်ဖြင့် မြို့ပေါ် လမ်းဆုံများနှင့် လူစည်ကားရာနေရာများတွင် အသိပေးနိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
Mar 11,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးမထိုးနှံရသေးသည့် ပြည်သူများအား အဆင်ပြေချောမွေ့စွာထိုးနှံနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ကျေးရွာအရောက် ကွင်းဆင်းပြီး ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ အစိုးရဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ အစိုးရဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။