ပန်းတောင်း မတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ် (၆)နေရာတွင် ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့ ကြောင်း ပန်းတောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ထို့နောက် Booster Dose ထိုးနှံပေးရာတွင် ဆေးထိုးစုရပ်(၆)နေရာဖြစ်သည့် ထုံးဘိုကျေးရွာအုပ်စု(မြသိန်းတန် ဘုရား)၊ဇရပ်လှအုပ်စု(ဓမ္မာရုံ)၊ ကျီးပင်အုပ်စု(ဓမ္မ ရုံ)၊ ကျီးတောအုပ်စု(ဘုန်းကြီးကျောင်း)၊ ရွှေပင်ရပ်ကွက် ( ရွှေပင်နာဂမုနိဓမ္မာရုံ)၊ ကြခတ်ရပ်ကွက်(ဆုတောင်းပြည့်ဓမ္မာရုံ)တို့တွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံဆောင်ရွက်ပေးနေကြောင်းသိရကာ ကာကွယ်ဆေးလာရောက်ထိုးနှံသူများ စိတ်အေးချမ်းစွာ ထိုးနှံ နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယနေ့ဆေးထိုးစုရပ် (၆) နေရာတို့တွင် ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)