ကျောင်းကုန်း မတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများ သောက်သုံးရေ အဆင် ပြေချော မွေ့စေရေးအတွက် သောက်ရေစင်နှင့် ရေစည်လှုဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က အ.ထ.က(၁)ကျောင်းဝန်းရှိအနာဂတ်ပန်းခင်း စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးစိုးဝင်းက အဖွင့်အမှာ စကား ပြောကြားပြီး၊ အလှုရှင် ဦးသော်စီလွင်က သောက်ရေစင်နှင့်ရေစည် လှုဒါန်းရခြင်းအကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးဆန်းထွန်းက ကျေးဇူးတင်စကား ပြောကြား ပြီး၊ ထာဝရငွေပဒေသာပင် စိုက်ထူရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
သောက်ရေစင်နှင့် ရေစည်အလှုရှင် (ဦးသိန်းမောင်) သုဓမ္မမဏိဇောတဓရ (လူမှုထူးချွန် တတိယ ဆင့်) + ဒေါ်တင်လှ (ရွှေလမင်းဆေးလိပ်ခုံ)မိသားစုတို့မှ တန်ဖိုးငွေကျပ်သိန်း(၃၀)နှင့် ထာဝရငွေ ပဒေသာပင်အတွက် ကိုသော်စီလွင်+မဝင်းဌေး (ရွှေလမင်း ရတနာရွှေဆိုင်) မိသားစုမှ ငွေကျပ် (၅)သိန်း၊ ကိုမျိုးသူအောင်+မမြတ်မြတ်ထွန်း(မိဘရိပ် ရတနာရွှေဆိုင်) မိသားစုမှ ငွေကျပ်(၃) သိန်း၊ ကိုအောင်လှိုင်ထွေး+မတင်မိုးမြင့် (သုခကြွယ်)မိသားစုမှ ငွေကျပ်(၂)သိန်း၊ အလယ်တန်းပြဆရာမ ဒေါ်ခင်ချိုချိုဦးမှ ငွေကျပ်(၂)သိန်း၊ ကိုထင်အောင်ဇော်+မလဲ့ဝါဦး Golden Star မိသားစုမှ ငွေကျပ်(၁)သိန်း လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် သောက်ရေစင်နှင့်ရေစည်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြ ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)