ဒေးဒရဲ မတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့သည်။
မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးရာတွင် သုတ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္တု စာအုပ်များနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် စာအုပ်များ စုံလင်စွာ ယူဆောင်၍ အခမဲ့ငှားရမ်းပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ စာကြည့်တိုက် အသင်းဝင်(၈) ဦးအား သုတ(၁၀)အုပ်၊ ရသ(၆)အုပ် ငှားရမ်းပေးနိုင်ခဲ့သည်။ အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို တစ်ပတ်လျှင် တစ်ကြိမ်သွားရောက်၍ စာအုပ်စာစောင် အသစ်များဖြင့် အပတ်စဥ်လဲလှယ် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း