ကျုံမ​ငေးမြို့ တိုက်နယ်​ဆေးရုံတွင် ကိုယ်ဝန်​ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ကာကွယ်​ဆေး ထိုးနှံ​ပေး

ဝါးခယ်မ မတ် ၁၁

ဧရာဝတီတိုင်း​ဒေသကြီး၊​ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမ​ငေးမြို့တွင် ကိုယ်ဝန်​ဆောင် မိခင်နှင့် နို့တိုက်မိခင်များအား ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံ​စေ​ရေးအတွက် ယ​နေ့နံနက် ၁၀နာရီအချိန်က ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် တာဝန်ရှိသူ အဖွဲ့များက ကျုံမ​ငေးမြို့ တိုက်နယ်​ဆေးရုံသို့ သွား​ရောက်၍ ကိုဗစ်-၁၉ ကာကွယ်​ဆေး ထိုးနှံနိုင်ရေး တွန်းအား​ပေး​ ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်တွင် မြို့​ပေါ်ရပ်ကွက်နှင့်​ ကျေးရွာများပါမကျန် ကိုယ်ဝန်​ဆောင်မိခင်များနှင့် နို့တိုက်မိခင်များကို ကိုဗစ်-၁၉ ကာကွယ်​ဆေး အပြည့်အဝ လွှမ်းခြုံထိုးနှံနိုင်​ရေးအတွက် ဌာနဆိုင်ရာများ အဖွဲ့အစည်းများ ကိုဗစ်​-၁၉ ကာကွယ်​ရေးနှင့် ထိန်းချုပ်​ကုသရေး​ကော်မတီအဖွဲ့ဝင်များ ပါဝင်​သောကြီးကြပ်​ရေးအဖွဲ့များ ဖွဲ့စည်းကာ​ ကာကွယ်​ဆေး ထိုးနှံနိုင်ရေး အတွက် အရှိန်အဟုန်မြှင့် တွန်းအား​ပေး​ ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

ရီရီလွင်(ပြန်/ဆက်ဝါးခယ်မ)