ပုသိမ်ကြီးမြို့နယ်တွင် အသိပညာပေး နံရံကပ်စာစောင်များပြသ

ပုသိမ်ကြီး မတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တွင် ကလေးများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀နာရီက အဆိုပါဦးစီးဌာန၌ အသိပညာပေး နံရံကပ်စာစောင်များပြသလျက်ရှိသည်။

ပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဇင်မင်းထွန်းမှ ပြပွဲသို့ လာရောက်ကြည့်ရှုလေ့လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား  အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပြပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ အထက ပုသိမ်ကြီးမှ ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းနှင့် လူကုန် ကူးမှု တာဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာ ကြသည်။

ပြပွဲအခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်မင်းထွန်းနှင့် ဝန်ထမ်းများ၊ အထကပုသိမ်ကြီးမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးဇာနည်ကိုကို၊ပုသိမ်ကြီး