လှိုင်းဘွဲ မတ် ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် တည်ထားကိုးကွယ် တော်မှုသော နောင်တော်ကြီးစေတီ ထီးတော်တင်ပွဲနှင့် ပြည်သာလင်းအေး စေတီတော်မြတ်ကြီး ဌာပနာပိတ်ပွဲကို မတ်လ(၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။
အဆိုပါ ကြာအင်းကျေးရွာ နောင်တော်ကြီးစေတီတော်နှင့် ပြည်သာလင်းအေး စေတီတော်ကြီးကို နယ်ခြားစောင့်တပ်များ၊ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့၊အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ၊ ဇနီးနန်းခင်လှသူ မိသားစုမှ မတည်လှူဒါန်းမှု နှင့် အများဒါယကာကောင်းမှုဖြင့် တည်ထားကိုးကွယ်တော်မှုခဲ့ပြီး နောင်တော်ကြီးစေတီ ရွှေထီးတော်တင်မင်္ဂလာနှင့် ပြည်သာလင်း အေးစေတီတော်မြတ်ကြီး ဌာပနာပိတ်ပွဲကို ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်၊ မတ်လ(၁၆)ရက်နေ့ နံနက်(၉)နာရီ အချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ နေ့လည်(၁)နာရီအချိန်တွင် တရားတော်မြတ်နာယူခြင်းနှင့် ရေစက်ချအမျှ ဝေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်၍ မိဘပြည်သူများအနေဖြင့် ကုသိုလ်တရားပွားများနိုင်ရန်အတွက် မည်သူမဆိုလာရောက် တရားနာနိုင်ပါ ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီများထံမှ သိရှိရသည်။
စောဒိ(ပြန်/ဆက်)