ကရသူရိ မတ်လ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် မီးသတ်ဦးစီးဌာနက ပြည်သူများမီဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပေးဆိုင်းဘုတ်များစိုက်ထူခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းကအမှတ်(၁)ရပ်ကွက် လမ်းဆုံတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါစိုက်ထူရာ၌ ကရသူရိမြို့ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်ဖြိုးနှင့်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ဖြင့် မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုကြောင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်အသိပေးဆိုင်ဘုတ်များ စိုက်ထူခြင်းဖြစ်ကြောင်း အဆိုပါဆိုင်းဘုတ်၌ “သင့်ကြောင့် မီးမလောင်ပါစေနှင့်” စာသားကို ပြည်သူများ ထင်ထင်ရှားရှား တွေ့မြင်နိုင်ရေး အသိပေးစိုက်ထူးခဲ့ကြောင်းနှင့် မီးသတ်ဦးစီးဌာနသို့ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များလည်း ပါရှိကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)