ရမ်းဗြဲ မတ် ၁၄
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ပြည့်မီနိုင်ရေးနှင့် ပြည်သူများ “လူမှုဘဝပြည့်စုံဖို့၊ နိုင်ငံသားကတ်ကိုင်ကြစို့ ”ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်စုများသို့ သွားရောက်ပြီး အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ခြင်းကို ကွင်းဆင်း၍ ဆက်လက် ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့က ကုလားပုန်း ကျေးရွာအုပ်စုသို့ သွားရောက်ပြီး အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ် ဦးစီးမှူးရုံးမှ လဝကမှူး ဦးဦးခင်မောင် ဦးဆောင်၍ ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရမ်းဗြဲမြိုနယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာအတွင်း နေထိုင်ကြသည့် ပြည်သူများအား ပြောင်းရွေ့၊ ခွဲထွက်လိုသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း မပြုလုပ်ရသေးသော သူများကို အိမ်ထောင်စုလူဦးရေး စာရင်းပြုလုပ်ပေးခြင်း၊ ပျောက်ဆုံးပျက်စီးမှုများအား မိတ္တူပြုလုပ် ဆောင်ရွက်ပေးခြင်းများနှင့် ဖွား/သေ စာရင်းများအတွက် ပယ်ဖျက်ခြင်း၊ ရေးသွင်းခြင်းများ ဆောင်ရွက်ပေးခြင်းများနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသော ပြည်သူများအား အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်နှင့်အထက်ရှိ ပြည်သူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းတို့ကို အခမဲ့ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)