ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ (၉၉၄၀၉)ဦး ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးများပထမအကြိမ်ထိုးနှံပေး

ကလေး မတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင်  ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်စုရပ်များတွင် ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပြည်သူ့ကျန်းမာရေးဌာနမှ  ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာ သတ်မှတ်စုရပ်နေရာဖြစ်သည့် မြို့နယ် စုပေါင်းရုံတွင် အောင်မြေမာန်ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်သစ္စာရပ်ကွက်၊ အောင်ဇေယျရပ်ကွက်နှင့် အောင်မတ္တာရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်၊ မြို့သာ ရပ်ကွက်နှင့် မင်္ဂလာဥယျာဉ်ရပ်ကွက်တို့ကို လည်းကောင်း၊ မြို့တော်ခန်းမစုရပ်တွင် ချမ်းမြေ့အောင်စည်ရပ်ကွက်၊ ပင်လုံရပ်ကွက်၊ တပ်ဦးသီတာရပ်ကွက်၊ သဇင်ရပ်ကွက်နှင့် စမ်းမြို့ရပ်ကွက်၊ တာဟန်းရပ်ကွက်၊ တောင်ဖီလာရပ်ကွက်၊ လှိုင်သာယာရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက်၊ ကြို့သုံးပင်ရပ်ကွက်၊ မြို့လှရပ်ကွက်နှင့် အင်ဒိုင်းကုန်းရပ်ကွက်တို့တွင် နေထိုင်သူများသည် သက်ဆိုင်ရာ ရပ်ကွက် စုရပ်များတွင် မှတ်ပုံတင် (သို့မဟုတ်) အိမ်ထောင်စုစာရင်းအား ယူဆောင်၍ စာရင်းပေးသွင်းပြီး ကာကွယ်ဆေးများ လာရောက်ထိုးနှံနိုင်ကြောင်း ကိုဗစ်-၁၉ ရောဂါကုသရေး နှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။  
ကလေးမြို့တွင် ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း 
(၉၉၄၀၉)ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့မှစတင်၍ ဧပြီလကုန်အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ကျော်(ပြန်/ဆက်)