လက်ပံတန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးကြီးအတွင်း ဈေးရုံများအား လိုက်လံစစ်ဆေး

လက်ပံတန်း မတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍  မီးဘေးလုံခြုံမှုရှိစေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့နယ်မီးသတ် ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက လက်ပံတန်းမြို့မ ဈေးအတွင်းရှိ ဈေးရုံများအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်လံစစ်ဆေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလင်းကျော် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဗူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံးရေပုံးများကို စီစဉ်ဆောင်ရွက်ထားရှိရန်၊  မီးဘေးနှင့် ပတ်သက်သည့် အသိပညာပေး ဆောင်ပုဒ်များကို လူများ ထင်သာမြင်သာနေရာများတွင် ထားရှိရန်၊ လျှပ်စစ်မီး အသုံးပြုရာ၌ မီးဘေးလုံခြုံရေးအတွက် အလေးထား လိုက်နာဆောင်ရွက်ကြရန်၊ မီးသတ်ဆေးဘူး အသုံးပြုပုံပြသခြင်း၊ မီးဘေးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့ပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့ပြီး၊ ဈေးရုံများအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ/ မရှိ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မျိုးမင်းထွန်း