ဟိုပင် မတ် ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်သူက အမှာစကားပြောကြားပြီး နယ်မြေရဲစခန်းမှ ဒုရဲအုပ် ဦးဝေလင်းထွန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်နှင့် လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများ၊ ပြန်/ဆက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လင်းသွယ်သွယ်ဦးက သတင်းအမှား/ အမှန် ခွဲခြားသုံးသပ်နိုင်ရေးတို့ကို အသိပညာပေး ဟောပြောခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ဆရာ/ ဆရာမ (၁၇)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၁၀၆)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လင်းသွယ်ဦး