ကာမိုင်းမြို့၌ကိုဗစ် ၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး သူနိုင်ငံ့၀န်ထမ်းအား ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေး

ကာမိုင်း မတ် ၁၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး သူနိုင်ငံ့၀န်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Covishield ကို မတ်လ (၁၂)ရက် နံနက်(၁၀)နာရီ မွန်းလွဲ(၁)နာရီအထိ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ထိုးနှံပေး ခဲ့သည်။

အဆိုပါ ဆေးထိုးနှံပေးရာတွင်မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေပေါ် တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် ပညာရေး၀န်ထမ်းများက အမည် စာရင်းရေးသွင်း ပေးခြင်း၊ ကျန်မားရေး၀န်ထမ်းများကကိုယ်အပူအချိန် တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း စသည့်ကျန်မားရေး စစ်‌ဆေးမှုများပြု လုပ်ပြီး နောက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား စည်းကမ်းချက်များနှင့်အညီ လူဦးရေ(၄၀)ဦး အား ထိုးနှံပေးခဲ့ကြောင်းသိရသည်။

လဆိုင်း(ပြန်/ဆက်)