မာန်အောင် မတ် ၁၄
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covidshieldနှင့်Sinophram (၂)ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံရသေး သည့် ပြည်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ် ထိုးနှံပေးခြင်းတို့ကို ယနေ့နံနက်၁၀နာရီမှ ညနေ၃နာရီထိ မြို့နယ် ပြည်သူ့ ဆေးရုံဟောင်း ဆေးထိုးစုရပ်နေရာတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းကဦးဆောင်ပြီး ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံ ခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း ၊ လာရောက် ထိုးနှံသည့်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏတိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကိုစနစ်တကျ ဆောင်ရွက်ပေး ကာ ပုံမှန် ကျန်းမာရေးအခြေအနေရှိ သူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီးထိုးနှံပြီးသည့် သူများအားမိနစ်၃၀ခန့် စောင့်ကြည့် ကာ ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)