တံတားဦး မတ် ၁၅
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ အောင်သင်း ရေးသားသော “ မျိုးဆက်သစ်ရဲ့ မဟာမိတ် ” စာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာအုပ်ပါ အကြောင်း အရာများဖြစ်သည့် “ ဉာဏ်နဲ့ အသက် ” ၊ “ စိတ်အနေအထား ”စသည့် အကြောင်းအရာများကို လည်း ကောင်း ၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင် စာရေးဆရာ ကျော်သူ(အင်းဝ)က “ ကိုယ့်ကိုယ်ကိုယ်ဝေဖန်ခြင်း ” ၊ “ အဂ္ဂိရတ်ဆေးပညာ ”နှင့် “ မော်တော်ကားဘဉ်ကျေးမှု ” စသည့် အကြောင်းအရာကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသော စာပေဝါသနာရှင် များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ စာပေဝါသနာရှင်များ ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
ဦးရဲတင့်