ရမည်းသင်းမြို့နယ်၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

ရမည်းသင်း မတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနခရိုင်မှူးနှင့် ဝန်ထမ်းများ ပူးပေါင်၍ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီကအမှတ် (၁) အ.ထ.က ကျောင်း၊ အမှတ်(၅) အ.ထ.ကကျောင်း KTL ကိုယ်ပိုင် အထက်တန်းကျောင်းနှင့် လူစည်ကားသည့် မြို့ဈေးကြီးတို့တွင် အခမဲ့ ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်ကို ရမည်းသင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သီလဝလက်ကမ်းစာစောင် ထုတ်ဝေကာ လက်ကမ်း စာစောင်တွင် ကလေးအလုပ်သမား ပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး မည်သည့်အလုပ်မျိုးကို မဆို အသက် (၁၄) နှစ်အောက် ကလေးများအား လုပ်ကိုင်ခွင့်မပြုရန် ဥပဒေများက တင်းကြပ်စွာ တားမြစ်၊ ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးအလုပ် သမားပပျောက်ရေး ရည်မှန်ချက် (၃)ရပ်၊ ကလေး အလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက်၊ ကိုဗစ်-၁၉ ကာလ ကလေးအလုပ်သမားများနှင့် ကျောင်းပညာရေး၊ ကလေးအလုပ်သမားများ၏ အသက်အရွယ် အစရှိသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

ဇော်ဝင်းအောင် (ခရိုင် ပြန်/ဆက်)