လက်ပံတန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

လက်ပံတန်း မတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံမှုရှိစေရန်နှင့် မီးဘေးကြိုတင် ကာကွယ်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးလင်းကျော် ခေါင်းဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ အရေးပေါ်မီးငြိမ်းသတ်ရေး ရေကန်များတွင် ရေဖြည့်တင်းခြင်း လုပ်ငန်းများ၊ ယခုအခါ ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မိဘပြည်သူများ အနေဖြင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် သတိပြုနေထိုင်ကြရန်၊ မိမိတို့ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ ထားရှိရန်၊ လျှပ်စစ်မီးစနစ်တကျသုံးစွဲရန်၊ အရေးပေါ် မီးငြှိမ်းသတ်နည်းများကို သိရှိပြီး လိုက်နာကြရန်၊ မီးကြွင်းမီးကျန်များမထားရန် အကယ်၍ မီးဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ်ဖုန်းနံပါတ်များအား ဆက်သွယ်ဆောင်ရွက်ကြရန် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)