ပိုင်ကျုံမြို့ သောင့်တော်‌ကျေးရွာတွင် ကိုယ်ထူကိုယ်ထ သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်း ရာနှုန်းပြည့်ပြီးစီး

ပိုင်ကျုံ  မတ် ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ နောင်ခွီးကျေးရွာအုပ်စု၊ သောင့်တော်ကျေးရွာတွင် မိုးရာသီကာလ အတွင်း ကျေးရွာနေပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရေးအတွက် ကျေးရွာနေပြည်သူများ စုပေါင်း၍ ကိုယ်ထူကိုယ်ထ သံကူကွန်ကရစ်တံတားတစ်စင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားသည် အရှည် ၄၈ပေ၊ အကျယ် ၁၂ပေရှိပြီး ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း (၁၀၀) ခန့်ရှိကြောင်း၊ ယင်းတံတားတည်‌ဆောက်ခြင်း လုပ်ငန်းကို ကျေးရွာအတွင်းရှိ ရွာသား/သူများ စုပေါင်း၍ ဝိုင်းဝန်းပူပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။

၎င်းလုပ်ငန်း ပြီးစီးမှု‌ကြောင့် ကျေးရွာအတွင်းရှိ ပြည်သူများအနေဖြင့် သွားရေးလာရေးတွင် ယခင်ကထက် ပိုမိုအဆင်‌ပြေလာသည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စ အရပ်ရပ်များ ဆောင်ရွက်ရာ တွင်  လွယ်ကူအဆင်ပြေစွာ ဖြတ်သန်း သွားလာနိုင်ပြီးဖြစ်ကြောင်း သိရပါသည်။

စောဂျိုးဇက်ဂျူး