မင်းတုန်း မတ် ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ (၆) လ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မင်းတုန်းမြို့နယ်နှင့် ကံမ မြို့နယ် မြို့နယ်ချင်းဆက် လမ်းမြေနီခင်းခြင်းလုပ်ငန်း ယမန်နေ့က ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီဖြစ်သည်။
အဆိုပါလမ်းသည် မင်းတုန်းမြို့နယ် ချင်းနစ်ကျေးရွာနှင့် ကံမမြို့နယ်သို့ လမ်းချဲ့ခြင်း၊ မြေနီ ခင်းခြင်းနှင့် မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းလမ်းကိုအသုံးပြု၍ ပဲခူးတိုင်း ဒေသကြီး၊ ကျောက်ပတောင်း မြို့နယ်သို့ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး မင်းတုန်းမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသောင်းညွန့်ထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်