ကျွန်းလှ မတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းပြီး ဓာတ်အားအပြည့်အဝသုံးစွဲနိုင်ရန်အတွက် လျှပ်စစ်မီးတိုင်များ အစားထိုးလဲလှယ်ခြင်းနှင့် ဓာတ်အားခွဲရုံများ တိုချဲ့တည်ဆောက်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။
အဆိုပါ ဓာတ်အားလိုင်း ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း (၈) ခု၊ ၄၀၀ ဗို့ ဓာတ်အား လိုင်း အစားထိုးလဲလှယ်ခြင်းလုပ်ငန်း (၂) ခုကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ကြောင်း၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း ပြည့်မီရေး မြို့နယ်လျှပ်စစ်ဦးစီးမှူး အင်ဂျင်နီယာ ဦးဇော်ထွန်းသန်းနှင့် တာဝမ်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ