သထုံ မတ် ၁၈
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူများအား ဆဋ္ဌမသုတ် (ဒုတိယအကြိမ်) နှင့် သတ္တမသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့၊ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမစုရပ်၌ ပြုလုပ်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများ၊ စေတနာ့ဝန်ထမ်း (Volunteer) များနှင့် တာဝန်ရှိသူတို့က အသက်(၁၈)နှစ်အထက် ပြည်သူများ အား ဆဋ္ဌမသုတ်(ဒုတိယအကြိမ်)နှင့် သတ္တမသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ဆက်လက်ထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းတို့ကို သတ်မှတ်အစီအစဉ်များ အတိုင်း စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြပြီး ကာကွယ်ဆေးထိုး ကြီးကြပ်အဖွဲ့၀င်များက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့သည်။
အဆိုပါနေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ ဆေးထိုးစုရပ်၌ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအပါအဝင် ဒေသခံပြည်သူ ၅၀ ဦးခန့်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ သိရသည်။
ကိုကိုဦး(သထုံခရိုင်ပြန်/ဆက်)