လပွတ္တာ မတ် ၁၈
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လပွတ္တာ-သင်္ဃန်းကြီး-ပြင်စလူလမ်း ရွေးမြစ်နှင့်နီးကပ်လျက်ရှိသည့် မိုင်(၁/၀-၄/၇) အပိုင်း (ရှောင်ကွင်းလမ်း)အား လမ်းအူကြောင်းသစ် ရွေးချယ်ထားမှုအတွက် မြေယာလျော်ကြေးငွေ ပေးအပ်ခြင်းကို ရွေးနဒီခန်းမ၌ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ပြုလုပ်သည်။
လပွတ္တာမြို့နယ် လမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (Mini)ဘဏ္ဍာနှစ်တွင် လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော လပွတ္တာ-သင်္ဃန်းကြီး-ပြင်စလူလမ်း လမ်းအူကြောင်းသစ် ဖောက်လုပ်ရာတွင် ပါဝင်သွားသော တောင်သူ(၂၉)ဦး၏ လယ်ယာမြေဧက (၄၁.၄၉)ဧကအတွက် လျော်ကြေးငွေ (၄၁.၄၉)သန်းအား ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့် တာဝန်ရှိသူများက လျော်ကြေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)