ဝမ်းတွင်း မတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ရှိသူများနှင့် ဒေသခံ ပြည်သူ (၆၆၀) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ခန်းမ ဆေးထိုးစုရပ်တွင် ဆောင်ရွက်ပေး ခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
Covid19 ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ အသက် (၆၅) နှစ်အထက် ရှိသူများ၊ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက် စာရင်းများ ရေးသွင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီ သူများကို ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့် ယနေ့နံနက် တွင် FirstDose အဖြစ် (၂၃၁) ဦး၊ SecondDose အဖြစ် (၄၂၉) ဦး၊ ဒေသခံပြည်သူစုစုပေါင်း (၆၆၀) ဦးအား ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းများကို သက်ဆိုင်ရာစုများအလိုက် ထိုးနှံပေး လျက်ရှိပြီး ကာကွယ်ဆေး ထိုးလုပ်ငန်းများ အောင်မြင် စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်မာရေး ဦးစီးဌာနဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာလုပ်အားရှင်များနှင့် ဒေသခံပြည်သူ များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုရဲ (ဝမ်းတွင်း)