ညောင်ဦး မတ် ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲများ ကိုမူလတန်းအဆင့် သင်ရိုးသစ် Grade-4 မှနှစ်ဆုံးစစ်ဆေးခြင်းနှင့် အခြေခံပညာအလယ် တန်းဆင့် နှစ်ဆုံးစာမေးပွဲစစ်ဆေးခြင်းများကို မတ်လ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့ထိတစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် နှစ်နှစ်ရီကြာ နှုန်းဖြင့် ယနေ့ မတ်လ ၁၈ ရက်၊ ဒုတိယနေ့ဆက်လက်ဖြေဆိုလျက်ရှိကြောင်း ညောင်ဦးခရိုင် ပညာရေးမှူး ဒေါ်စုစုခင် (ဒုတိယညွှန်ကြားရေးမှူး) ထံကသိရသည်။
ညောင်ဦးခရိုင်၌ အခြေခံပညာကျောင်းပေါင်း ၆၇၄ ကျောင်းတွင်၊ကျောင်းသား ကျောင်းသူ ၂၃၄၇၈ ဦးဖြေဆိုလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် Grade-4 မှ Grade-5 အခြေခံပညာမူလတန်းကျောင်း မှကျောင်းသားကျောင်းသူ ၂၄၇၇ဦး၊ Grade -6 ၊Grade-7၊ Grade-8 ၊Grade-9 အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ ၁၉၃၃ဦး၊အခြေခံပညာ အထက်တန်းဆင့် Grade – 10 သင်ရိုးဟောင်း၊ Grade – 11 သင် ရိုးသစ်မှ ကျောင်းသားကျောင်းသူ ၆၃၇ ဦး ဖြေဆိုလျက်ရှိပြီး ကျောက်ပန်းတောင်းမြို့နယ်တွင် ညောင်ဦးမြို့နယ်တွင် Grade-4 မှ Grade-5 အခြေခံပညာ မူလတန်းကျောင်း မှကျောင်းသားကျောင်းသူ ၁၁၃၉၄ဦး၊ Grade -6 ၊Grade-7၊ Grade-8 ၊Grade-9 အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၅၆၃၆ ဦး၊ အခြေခံပညာ အထက်တန်းဆင့် Grade – 10 သင်ရိုးဟောင်း၊ Grade – 11 သင် ရိုးသစ်မှ ကျောင်းသား ကျောင်းသူ ၁၄၀၁ ဦး ဖြေဆိုလျက်ရှိကြောင်း သိရပြီး ညောင်ဦး၊ ကျောက်ပန်း တောင်းပေါင်း ၂၃၄၇၈ ဦးအေးချမ်းစွာနှစ် ဆုံးစာမေးပွဲဖြေဆိုလျက်ရှိကြောင်း ညောင်ဦး ခရိုင်ပညာရေးမှူး ဒေါ်စုစုခင် (ဒုတိယညွှန်ကြားရေးမှူး) က ပြောကြား၍ သိရသည်။
ကိုထိန်၊KPD