ကော့မှူး မတ် ၁၈
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဇာခြည်စိမ့်က အသိပညာပေး Talk Show များ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်က မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး စသည့် ရည်မှန်းချက်တာဝန်များ၊ ဦးတည်ချက်များ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် ဖြစ်သည့် မီးဘေးလုံခြုံရေးအတွက် နေအိမ်များတွင် မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ ထားရှိရန်နှင့် မီးဘေးအန္တရာယ်အား ကြိုတင်ကာကွယ်နိုင်သည့် အချက်အလက် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
ကျော်သူရ