လေးမျက်နှာမြို့နယ် ဗိုလ်ချူပ်လမ်းဆုံတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး Fire Point မီးသတ်စင်မြေနေရာ ချထားဆောင်ရွက်

လေးမျက်နှာ မတ်လ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ဗိုလ်ချူပ်လမ်းဆုံတွင် မီးသတ် ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး Fire Point မီးသတ်စင် မြေနေရာ ချထားခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

နွေရာသီကာလအတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မြို့နယ်အတွင်းရှိ လမ်းသွား လမ်းလာ ပြည်သူများ အသိပညာရရှိစေရန်ရည်ရွယ်၍ လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးရဲနောင်ဝင်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များမှ မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံးနှင့် မီးငြိမ်းသတ်ရာတွင် အသုံးပြုနိုင်သော ပစ္စည်းများပါဝင်သည့် Fire Point မီးသတ်စင်အား မြေနေရာချထား ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မီးငြိမ်းသတ်စင်မြေနေရာချထားဆောင်ရွက်ရာသို့ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ် ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး ရဲရင့်နောင်နှင့်အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲနောင်ဝင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ ကြည့်ရှုအားပေးခဲ့သည်။

ကျော်ဟိန်း(ပြန်/ဆက်)