အမြို့မြို့အနယ်နယ်သတင်းများ

Feb 18,2022
ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှုမြှင့်မားလာခြင်းကြောင့် နေပြည်တော် ၊ ဇေယျာသီရိမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာ ဈေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Feb 18,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့ မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံး၌ အကျုံးဝင် မှတ်ပုံတင်ထားသော ဆေးဘိုးနှင့်နာရေးစရိတ်ပေး အပ်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကြံခင်းမြို့ မြန်မာ့မီးရထား(ပို့ဆောင်ရေး)ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဝန်ထမ်းများက မြို့ပေါ်ရှိ ရပ်ကွက်များသို့ လိုက်လံ၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 18,2022
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွဲ့စည်းထားသည့် Book Club အဖွဲ့ဝင်များ၏ စာဖတ်ဝိုင်း ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်/ဆက်ရုံး စာကြည့်တိုက် ခန်းမ၌ ကျင်းပသည်။
Feb 18,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကြက်သွန်းခင်း၂ ရပ်ကွက်၊ ဗောဓိကုန်းကျောင်းတိုက် ဝိဇ္ဇာသမိဒ္ဓိမဟာရွှေကံသာကျောင်းတော်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က သံဃနယကအဖွဲ့များ ပြန်လည် ရွေးချယ်ခြင်း ဆိုင်ရာမြို့နယ် သံဃာ့ဝန်ဆောင် အစည်းအဝေးကို ကျင်းပခဲ့သည်။
Feb 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း ၍ ယနေ့ နံနက် ၉ နာရီအချိန်က စားသုံးသူရေးရာအသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
Feb 18,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီကစာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း( Book Club) မှ စာဖတ်ဝိုင်းကျင်းပသည်။
Feb 18,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ သို့ လူမှုဝန်ထမ်းဦးစီးဌာန မြိတ်ခရိုင် လူမှုဝန်ထမ်းရုံးမှ ထောက်ပံ့ငွေ စုစုပေါင်း(၁၁၂,၈၇,၀၀ဝိ/) ကျပ်ကို သက်ဆိုင်ရာ အဖွဲ့အစည်းများအား မြိတ်မူလတန်းကြိုကျောင်းတွင် ယန့နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့သည်။