ဇေယျာသီရိ ဖေဖော်ဝါရိ ၁၈
ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှုမြှင့်မားလာခြင်းကြောင့် နေပြည်တော် ၊ ဇေယျာသီရိမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာ ဈေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mask Campaign ပြုလုပ်မှုတွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးမိုးဦး ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့် ဇေယျာသီရိမြို့နယ်မှ တပ်ဖွဲ့ဝင်များက ဈေးအတွင်းနှင့် လမ်းမပေါ်သွားလာနေသည့် ပြည်သူများကို နှာခေါင်းစည်း (Mask) ၂၀၀၀ ခုနှင့် Hand Gel ဗူးသေး ၁၅၀ ဘူးဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးတေးသီချင်းများ ကျေးရွာအတွင်း လှည့်လည်ဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အေးလင်းထွန်း
မြို့နယ် (ပြန်/ဆက်)