အမြို့မြို့အနယ်နယ်သတင်းများ

Feb 17,2022
​ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နမ့်တိန်းကျေးရွာ၊ နမ့်တိန်းခန်းမတွင် ယမန်နေ့ နေ့လည် (၂) နာရီအချိန်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံ လက်မှုထည်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကင်းဝေး စေရေးအတွက် မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်အား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့၏ ကြီးကြပ်စစ်ဆေးမှုဖြင့် ဆောင်ရွက်ထားရှိလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဒုမိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်မှ လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
Feb 17,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၁၊၂၊၃၊)ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိ ပညာပေးနှိုးဆော်မှုလုပ်ငန်းကို ယမန်နေ့ ညနေ(၄)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ သည် ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပါသည်။
Feb 17,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး များ ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ သာစည်မြို ပြည်သူ့ဆေးရုံကြီး ဆေးထိုးစုရပ်နှင့် ဆူးပုတ်ကန် ကျေးရွာ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
Feb 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရေး ရည်ရွယ်၍ ယမန်နေ့၊ နံနက်က နာရီစင်လမ်း၊ ဆေးရုံရှေ့ စသည့် လူစည်ကားရာနေရာများတွင် Mask Campaign ကို ပြုလုပ်ခဲ့သည်။
Feb 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့ကျစေရေးအတွက် အသိပညာပေးနှိုးဆော်မှုများအား အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သုံးဘီးမော်တော်ယာဉ်ဖြင့် လှည့်လည်၍ ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ"အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေးအသိ‌ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Feb 17,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား ဆဋ္ဌမအသုတ် (ဒုတိယ) အကြိမ် အ ဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး Covid Shield ကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 17,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့၌ အိုမီခရွန်မျိုးဗီဇပြောင်း ကူးစက်ရောဂါ တားဆီး ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း ကို ယမန်နေ့က အမှတ် ( ၁ ) နယ်မြေ မြကန်သာရပ်ကွက်နှင့် ဆင်းသိင်္ဂီ ရပ်ကွက်တို့တွင် ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုက်လံအသိပေး နှိုးဆော်ကြကြောင်း သိရသည်။