သိန္နီမြို့တွင် စားသုံးသူရေးရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်

သိန္နီ       ဖေဖော်ဝါရီ  ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း ၍ ယနေ့ နံနက် ၉ နာရီအချိန်က စားသုံးသူရေးရာအသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သိန္နီမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စုမြတ်လင်းက  အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သိန္နီမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဖြိုးသဇင်စိုးက စားသုံးသူရေးရာကာကွယ်ရေးဉပဒေပေါ်ပေါက်လာပုံ၊ စားသုံးသူတွေအတွက် နစ်နာမှုရှိတဲ့ အခါ ကာကွယ်ကူညီပေးနိုင်မည့် နည်းလမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လေ့လာမှတ်သားသင့် သည့် လမ်းညွှန်ထုတ်ပြန်ချက်များ၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ချမှတ်ထားသော ညွှန်ကြားချက်များကို လိုက်နာမှုမရှိပါက ဆောင်ရွက် မည့်အရေးယူ ဆောင်ရွက်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

သိန္နီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေး ခြင်း(Talk Show) အစီအစဉ်များကို လစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သိန္နီမြို့နယ် ပြည်သူ့စာကြည့်တိုက်  Facebook Page နှင့်  We Love Hseni Facebook Page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း ဒုတိယဦးစီးမှူး ဒေါ်စုမြတ်လင်းထံမှ သိရသည်။

စုမြတ်(သိန္နီ)