Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လှိုင်းဘွဲမြို့(ခ)ရပ်ကွက်တွင် အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းများ (၈၅)ရာခိုင်နှုန်းပြီးစီး
Feb 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေးအတွက် လမ်းခင်းခြင်း၊ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းတို့ကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့(ခ)ရပ်ကွက်၊ ကျောင်းကြီးလမ်းတွင် အုတ်စီရေမြောင်း ပြုလုပ်ခြင်းကို (၈၅)ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခင်ဦးမြို့၌ စိတ်ဖိစီးမှုလျော့ချရန် အားကစားနည်းများဆိုင်ရာ အသိပညာပေး (Talk Show) အစီအစဉ် ဆောင်ရွက်
Feb 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစား နှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး စိတ်ဖိစီးမှုလျော့ချရန် အားကစားနည်းများ ဆိုင်ရာ အသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ အ.မ.က (၂၈) မူလတန်းကျောင်း၏ ကျောင်းတည် ထောင်ခြင်း အထိမ်းအမှတ် စာမူပြိုင်ပွဲ ဖိတ်ခေါ်ခြင်းနှင့် ငွေရတုနှစ်ပတ်လည်မဂ္ဂဇ…
Feb 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ အ.မ.က(၂၈) အခြေခံပညာစာသင်ကျောင်း တည်ထောင်ခြင်း နှစ်(၂၅)ပြည့်အတွက် စာမူပြိုင်ပွဲ ဖိတ်ခေါ်ခြင်းနှင့် ငွေရတုမဂ္ဂဇင်း ထုတ်ဝေမည်ဖြစ်၍ စိတ်ပါဝင်စားသူများအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှံသည့် ဒုတိယမြောက်နေ့အထိ First Dose ၁၆၈ ဦး၊ Second Dose ၂၀၆ ဦး လာရောက်ထိုးနှံ
Feb 17,2022
ဟားခါးမြို့ရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသည့် ဒုတိယမြောက်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ First Dose ၁၆၈ ဦး၊ Second Dose ၂၀၆ ဦး၊ ပေါင်း ၃၇၄ ဦး လာရောက်ထိုးနှံကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်
Feb 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင် ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အမာမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယနေ့ နံနက် ၉ နာရီက မြို့ပေါ်(၄) ရပ်ကွက်နှင့်အနီးရှိ ကျေးရွာများအတွင်း လှည့်လည် ကြေညာခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့နယ်၊ ဆပ်သွားကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Feb 17,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် ဆပ်သွားကျေးရွာအတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား "လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ "ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့ နံနက် ၉ နာရီခွဲမှ နေ့လည်၁နာရီအထိ ဆပ်သွားကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ လည်းကောင်း၊ နေ့လည် ၁ နာရီမှ ညနေ၃နာရီခွဲအထိ ဆပ်သွားအ.ထ.က ကျောင်း၌ လည်းကောင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဆဌမအသုတ် ဒုတိယအကြိမ် စတင်ထိုးနှံပေး
Feb 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ဆဌမ အသုတ် ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ ဆေးရုံတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်တွင် Mask Campaign ပြုလုပ်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Feb 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်)ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ကားမှတ်တိုင်များတွင်ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18717
Page
18718
Page
18719
Page
18720
Current page
18721
Page
18722
Page
18723
Page
18724
Page
18725
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department