မိုင်းရယ်၌ Book Club အဖွဲ့ဝင်များ၏ စာဖတ်ဝိုင်းကျင်းပ

မိုင်းရယ် ဖေဖော်ဝါရီ ၁၈

မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွဲ့စည်းထားသည့် Book Club အဖွဲ့ဝင်များ၏ စာဖတ်ဝိုင်း ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်/ဆက်ရုံး စာကြည့်တိုက်ခန်းမ၌ ကျင်းပသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ခင်မာလာက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီထုတ် “ဒို့ကျေးရွာ” ဂျာနယ်မှ ကလောင်ရှင်ဇင်ခန့်နိုင် ရေးသားထားသည့် “လမ်းလျှောက်ခြင်း၏အကျိုး” ကျန်းမာရေးဆောင်းပါးကို ဦးဆောင် ဆွေးနွေးပေးပြီး အဖွဲ့ဝင် ကျောင်းသား/သူများက လမ်းလျှောက်ခြင်းကြောင့် ရရှိနိုင်မည့်အကျိုးနှင့် ကိုယ်လက် လှုပ်ရှားမှု မရှိခြင်းကြောင့် ရရှိလာမည့် ဆိုးကျိုးများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်ထိုက်