အမြို့မြို့အနယ်နယ်သတင်းများ

Feb 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် မုဒိတာအိမ်ရာ(၁)တွင် ယမန်​နေ့ နံနက် (၇)နာရီအချိန်က ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​​ကော်မတီမှ ဦး​ဆောင်၍ ပြည်သူများအတွက် စား​သောက်ကုန်းများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန် Mobile ​စျေးကားများဖြင့်​ လာ​ရောက် ​ရောင်းချ​ပေးလျက်ရှိသည်။
Feb 17,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး အကြောင်းကို ပြည်သူများသိရှိစေရန်နှင့် လိုက်နာ ဆောင်ရွက်ကြစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 17,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု၊ (၆)လဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်း၊ စီမံကိန်းထပ်တိုး ကျေးရွာ(၁)ရွာအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့်၊ တငါ့ကန် ကျေးရွာအုပ်စု၊ တံခါးကြီး ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ၊ လုပ်ငန်းပြီးစီးမှု အခြေအနေများကို ယမန်နေ့မွန်းလွဲ(၂:၃၀)နာရီက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ဝန်ထမ်းများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
Feb 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် သံဃနာယကအဖွဲ့ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ် လုံးဆိုင်ရာ ပရိယတ္တိစာသင်ကျောင်းတိုက်၌ မြို့နယ်သံဃနာယကအဖွဲ့ဝင် ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကျင်းပ၍ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များအား သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများ နှင့်အညီ ရွေးချယ်ခဲ့ကြသည်။
Feb 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦး၏ ကြီးကြပ်မှုဖြင့် သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် သရက်ချောင်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ယမန်​နေ့ည ၆ နာရီအချိန်က မြို့ပေါ် ရပ်ကွက်များဖြစ်သော မြို့မရပ်ကွက်၊ ကျောက်မြောင်းရပ်ကွက်တို့တွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 17,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ကော်မတီဝင်ဌာနဆိုင်ရာများက ယမန်နေ့နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်အတွင်း စားသောက်ဆိုင်များအား ကိုဗစ်ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ရောင်းချနေမှု ရှိ/မရှိအား ရှောင်တခင် စစ်ဆေး၍ အသိပညာပေးမှုများ ဆောင်ရွက်ကြကြောင်း သိရသည်။
Feb 17,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ အောင်သိုက်ထွန်း၏ ကြီးကြပ် မှုဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းအား အစဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉နာရီ ၃၀အချိန်မှ ညနေ ၄နာရီအထိ မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနအတွင်း သားဖွားဆရာမဒေါ်မာမာခိုင်နှင့် ဝန်ထမ်းများက လည်းကောင်း၊ ဘန်းလမွတ်အုပ်စု-ဘန်းလမွတ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲအတွင်း ဆရာမ ဒေါ်မာမာစုနှင့် ဝန်ထမ်းများကလည်းကောင်း အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရှိရသည်။