အမြို့မြို့အနယ်နယ်သတင်းများ

Feb 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 17,2022
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု လုပ်ငန်းစည်းကမ်းချက်များနှင့်အညီ စဉ်ဆက် မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာအုပ်စု၊ ပုလုံးတုံတုံးကျေးရွာ အတွင်း ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
Feb 17,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVID SHIELD ထိုးနှံပြီး သည့် (၆)လအထက်ရှိသူများ၊ အသက်(၅၀)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက် (၆၅) နှစ်အထက် သက်ကြီး ဘိုဘွားများ၊ ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ရဟန်းသံဃာများ အား ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရေး အတွက် ထပ်ဆောင်းကာကွယ်ဆေး Booster Dose (၇)ရက်မြောက် နေ့အဖြစ် မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Feb 17,2022
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)မှ ကြီးမှူးကျင်းပသော (၇၅)ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်းရှိ  မွန်ပိဋကတ်တိုက်၌ ကျင်းပသည်။
Feb 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Feb 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ကျောက်တံခါး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂၀၂၂) အား ယမန်နေ့က မြို့ချောင်း ကျေးရွာဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။