ကြံခင်း ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့ မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံး၌ အကျုံးဝင် မှတ်ပုံတင်ထားသော ဆေးဘိုးနှင့်နာရေးစရိတ်ပေး အပ်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကြံခင်းမြို့ မြန်မာ့မီးရထား(ပို့ဆောင်ရေး)ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်လူမှုဖူလုံရေးအဖွဲ့ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးနိုင်မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေပါအချက်များအားရှင်းလင်းပြောကြားပြီး၊ မြို့နယ်လူမှုဖူလုံရေး အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မီးရထား(ပို့ဆောင်ရေးဌာန)မှ အာမခံအလုပ်သမား ဦးမောင်မောင်ဦးအား (ဆေးဖိုး အကျိုးခံစားခွင့်)ခွင့် ပြုငွေကျပ်သိန်း(၇၅၀၅၈၀)နှင့် (အင်ဂျင်နီယာဌာန)မှ ဦးကျော်ဇင်လတ်အား (နာရေးစရိတ်အကျိုးခံစားခွင့်) ခွင့်ပြုငွေ ကျပ်သိန်း(၇၂၀၀၀၀)အားသေဆုံးသူ၏အမဖြစ်သူထံသို့ အကျိုးခံစားခွင့်ပြုငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ် လူမှုဖူလုံရေးအဖွဲ့ ဦးစီးအရာရှိဒေါ်ဖြိုးဖြိုးနိုင်နှင့် တာဝန်ရှိသုများ၊ မြို့နယ် မီးရထားရုံးပိုင်ကြီး ဦးမောင်မောင်ဦးနှင့် ဝန်ထမ်းများ တတ်ရောက်ခဲ့ကြကြောင်းနှင့် ကြံခင်းမြို့ မြို့နယ်လူမှုဖူလုံရေးရုံ၌ အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန(၇၆)ဌာနရှိပြီး အလုပ်သမားဦးရေ(၁၂၄၀)ဦးရှိကြောင်း မြို့နယ် လူမှုဖူလုံရေးဦးစီးအရာရှိထံမှ သိရသည်။
မိုးမိုး(ကြံခင်း၊ပြန်/ဆက်)