ကျိုက်ဒုံ ဖေဖေါ်ဝါရီ ၁၈
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီကစာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း( Book Club) မှ စာဖတ်ဝိုင်းကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ ဦးစီးမှူးဦးကျော်လင်းနိုင်က စာဖတ်ဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားထားသော “နေ့သစ်တိုင်းဟာအောင်မြင်ခြင်း'” စာအုပ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာအုပ်စာပေ ချစ်မြတ်နိုး သူများအသင်း (Book Club) အဖွဲ့များမှ မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်ပါအကြောင်းအရာ ခေါင်းစဉ်များဖြင့် အပြန် အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင် (ပြန်/ဆက်)