မြိတ် ဖေဖော်ဝါရီ ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ သို့ လူမှုဝန်ထမ်းဦးစီးဌာန မြိတ်ခရိုင် လူမှုဝန်ထမ်းရုံးမှ ထောက်ပံ့ငွေ စုစုပေါင်း(၁၁၂,၈၇,၀၀ဝိ/) ကျပ်ကို သက်ဆိုင်ရာ အဖွဲ့အစည်းများအား မြိတ်မူလတန်းကြိုကျောင်းတွင် ယန့နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သည့် မြိတ်မြို့မှ တောင်သာယာ ဘိုးဘွားရိပ်သာ၊ တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေး ပရဟိတယောင်္ကျားလေးဂေဟာ၊ မိဘမဲ့မိန်းကလေးဂေဟာတို့တွင် စောင့်ရှောက်ပေးလျက်ရှိသူ (၆၂)ဦးအတွက် ထောက်ပံ့ ငွေ(၃၄၂၃၀၀ဝိ/)ကျပ်၊ မြိတ်မြို့ရှိ အဆိုပါ ဂေဟာများနှင့် တနင်္သာရီမြို့နယ် ပဝကျေးရွာရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာတို့အတွက် ဆန်ဖိုးထောက်ပံ့ငွေ(၁၉၄၄၀၀ဝိ/)ကျပ်နှင့် မူလတန်းကြိုကျောင်း (၁၆)ကျောင်းမှ မူကြိုဆရာမများနှင့် သင်ထောက်ကူပစ္စည်းအတွက် (၅၉၂၀၀၀ဝိ/) ထောက်ပံ့ပေးအပ်ကြောင်းသိရသည်။
လူမှုဝန်ထမ်းဦးစီးဌာနသည် လူမှုဝန်ထမ်းဆိုင်ရာမူဝါဒများနှင့်အညီ လူမှုရေးချို့တဲ့သည့် ကလေးသူငယ်များ၊ အမျိုးသမီး များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများကို နိုင်ငံတော်ကိုယ်စား ရှောက်စောင့်ပေးလျက်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာန ၏ လုပ်ငန်းများတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို လုပ်ငန်းများအောင်မြင် ဖြစ်ထွန်းရေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ နိုင်ငံတော်နှင့် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် အဆိုပါအဖွဲ့အစည်းများအား ငွေကြေးအထောက်အပံ့နှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများကို ထောက်ပံ့ပေးပေး လျက်ရှိကြောင်းသိရသည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန မြိတ်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းက ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများဖြစ်သည့် ဂေဟာ များမှ တာဝန်ရှိသူများအား မြိတ်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ အသီးသီး ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ခိုင်ထူး ( မြိတ်၊ ပြန်/ဆက်)