သိန္နီ ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဝန်ထမ်းများက မြို့ပေါ်ရှိ ရပ်ကွက်များသို့ လိုက်လံ၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေး နည်းလမ်းများ ဖြစ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားရန်၊ နေအိမ်ပြင်ပထွက်ခွာ ပါက Mask စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ အပြင်မှပြန်လာပါက လက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေးရန်၊ ရောဂါပိုးကူးစပ်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်စစ်ဆေး၍ ဆေးကုသမှုခံယူရန် စသည်တို့ကို (Hand Speaker) ဖြင့်လိုက်လံ၍ အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သတင်းရရှိသည်။
စုမြတ်(သိန္နီ)