အမြို့မြို့အနယ်နယ်သတင်းများ

Feb 20,2022
ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှုမြှင့်မားလာခြင်းကြောင့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ များစုပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကန် ဈေးအတွင်း၌ ပြုလုပ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Feb 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာသတိုးနွယ် ရေးသားသည့် “အရှုံးကို မကြောက်ပါနဲ့ နှင့်စိတ်ခွန်အားဖြည့်စာစုများ”စာအုပ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။
Feb 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်ရေး အသိ ပညာပေးလှုပ်ရှားမှု Mask Campaign ကို ယနေ့နံနက် ၈ နာရီအချိန်က တိုက်ကုန်းရပ်ကွက် လမ်းဆုံ ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
Feb 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် အမှတ်(၇)ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း စာသင်ဆောင်သစ်အား တည်ဆောက်လျက်ရှိရာ ယနေ့တွင် မြို့နယ် ပညာရေးမှူး ဒေါ်နန်းမြင့်သိန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Feb 20,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြိုနယ်ကိုဗစ်ကော်မတီထံမှ သိရသည်။
Feb 20,2022
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ညာမရော-ဖားကပ် (၄)မိုင် လမ်းပေါ်တွင် Box Culvert (၅)ခု တည်ဆောက်ခြင်းလုပ်ငန်းကို နိုဝင်ဘာလ (၁၁)ရက်နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။
Feb 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီးမှူး ဦးမြတ်မင်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး) နှင့် ဝန်ထမ်းများသည် ယနေ့ နံနက် ၁၀ နာရီ အချိန်က "ဇလပ်ဝါ" လက်ဖက်စို /လက်ဖက်ခြောက်လုပ်ငန်းမှ ကုန်ထုတ်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင် ဦးဇော်အောင်အား အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ မှတ်ပုံတင်လက်မှတ် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Feb 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့နံနက်က ကိုဗစ်−၁၉ကူးစက်မှုများ မရှိစေရေး ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်ဂိတ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများ ကိုဗစ်ကော်မတီဝင်များ ဆေးရုံဝန်ထမ်းများက ဝါးခယ်မမြို့သို့ လာရောက်သော ခရီးသည်များကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေး လျက်ရှိကြောင်း သိရသည်။