သာပေါင်းမြို့နယ်တွင်မြစိမ်းရောင်စီမံကိန်းရန်ပုံငွေထုတ်ချေး

သာပေါင်း  ဇန်နဝါရီ  ၁၈

သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်ဝတ်ရည်စိုးနှင့်အဖွဲ့သည် မြစိမ်းရောင် ကျေးရွာစီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်သော သာပေါင်းမြို့နယ်၊ ဂွေးတောက်ချောင်း ကျေးရွာရှိကျေးရွာ ခန်းမတွင် ယမန်နေ့၊ နေ့လည်ပိုင်းအချိန်၌ စီမံကိန်း လည်ပတ်ရန်ပုံငွေထုတ်ချေးမှု အခြေအနေအား သွားရောက် ကြီးကြပ် ဆောင်ရွက်ခဲ့ကြ သည်။

အဆိုပါကျေးရွာအား ၂၀၂၁-၂၀၂၂ ခု(၆)လဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ငွေကျပ် (၃၀.၀၀) သန်း ထောက်ပံ့ပေးခဲ့ပြီး ယခုပထမနှစ်စီမံကိန်းတွင် အသင်းသား (၈၇)ဦးသို့ (၂၉.၇၀) သန်း ထုတ်ချေးခဲ့ကြသည်။

သာပေါင်းမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်မှ စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအချိန်ထိ ယူနစ်(၁၁)ယူနစ်အား ကျေးရွာပေါင်း (၁၂)ရွာတွင် အောင်မြင်စွာ လည်ပတ် ဆောင်ရွက်နေ ကြောင်းသတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)