ကော့မှူးတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသ

ကော့မှူး ဇန်နဝါရီ ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်၁၀နာရီက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။

အသိပညာပေး နံရံကပ်စာစောင်ပြဘုတ်တွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်စေနိုင်သော လူမှုရေး၊ စီးပွားရေးထိခိုက်မှုများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှု နောက်ဆက်တွဲ ဖြစ်ပွားသောရောဂါများ မူးယစ်ဆေးဝါးသုံးစွဲခြင်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ လာရောက်ကြည့်ရှု့လေ့လာကြကြောင်းသိရသည်။

ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မျိုးဆက်သစ်လူငယ်များနှင့် ဒေသခံပြည်သူများအား ခြိမ်းခြောက်နေသော မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် နေ့စဉ်ပြသဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

ကျော်သူရ ကော့မှူး