အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို ဇန်နဝါရီ ၁၈ရက် နံနက်(၁၀) နာရီ ကကျင်းပပြုလုပ်သည်။
Jan 19,2022
မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား အခမဲ့ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်က ရဲမအူကျေးရွာနှင့် စင်းကွန်းကျေးရွာများတွင် နိုင်ငံသားစိစစ်ရေး ကတ်များ နေ့ချင်းပြီး အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
Jan 19,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ရုံး လူထုအခြေပြုဗဟိုဌာန (Community center) ခန်းမတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကို ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီအချိန်၌ ကျင်းပဆောင်ရွက် ကြောင်း သိရသည်။
Jan 19,2022
ဂန့်ဂေါမြို့နယ် စိုင်ဒူးကျေးရွာ၌ 230 KV ပင်မဓာတ်အားခွဲရုံသစ် ဆောက်လုပ်လျက်ရှိရာ အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုကို ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့် တာဝန်ရှိသူများတို့က ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကြည့်ရှုစစ်ဆေးသည်။
Jan 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ၊ ရောဂါကူးစက်ခံရမှုများ လျော့နည်းစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဦးစားပေး အစီအစဉ်များအရ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၈ ရက် နံနက် ၉ နာရီက အမှတ် (၁၆)ရပ်ကွက်ရှိ မြို့ဦးစေတီ၊ (၃၈)ရပ်ကွက်ရှိ မင်္ဂလာအေးကျောင်းတိုက်၊ (၄၇) ရပ်ကွက် ဓမ္မာရုံတို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) (Woman Club) တို့ ပူးပေါင်း၍  ယမန်နေ့ နံနက်(၁၀)နာရီအချိန်က စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ "လူငယ် ဆိုတာလန်းရမယ်" စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 19,2022
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍  စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်ကြောင်းသိရသည်။
Jan 19,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၁၀နာရီအချိန်က စာဖတ်ဝိုင်း စာပေဆွေးနွေးခဲ့ကြောင်း သိရသည်။