ဝမ်းတွင်း ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် (၈) နာရီ အချိန်မှ စတင်ကာမြို့နယ်ပြည်သူ့ဆေးရုံစုရပ်နေရာတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရပ်ကွက် / ကျေးရွာအုပ်စုများရှိ အသက်(၆၅)နှစ်အထက်ရှိသူများနှင့် ဒေသခံပြည်သူများအား ကျန်မာရေ းဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက်စာရင်းများရေး သွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူ အသက်(၆၅)နှစ်ထက်ရှိသူများနှင့် ဒေသခံပြည်သူ များကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဆောင်ရွက်ရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထားထားနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ကိုဗစ်၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များက ကြည့်ရှုကာ ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်ရောဂါ ကာကွယ်ရေးနည်းလမ်းများကို တိကျစွာလိုက်နာပြီး ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးမှ ပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ အဆင်ပြေစေရေးအတွက် ကျန်မာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက လိုအပ် သည်များကို ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအနေဖြင့် အသက်(၆၅)နှစ်အထက်ရှိသူနှင့် ဒေသခံပြည်သူ စုစုပေါင်း (၂၇၆) ဦးအား ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့် ဒေသခံပြည်သူများအား ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး နိုင်ရေး သက်ဆိုင်ရာ စုရပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)