မရမ်းကုန်း ဇန်နဝါရီ ၁၈
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် ခေမာရာမ ကျိုင်းတုံကျောင်းတိုက်၌ ယနေ့နံနက် ၉း၃၀နာရီအချိန်မှ စတင်ကာ အသက်၄၀နှစ်နှင့်အထက် မိဘပြည်သူများနှင့် ဦးတည်အုပ်စုများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac Phase-5second Dose ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စနစ်တကျ ဆေးထိုး နိုင်ရန်နေရာများ စီစဉ်ထားရှိခြင်းနှင့် ဆေးထိုးပြီးသူများ ခေတ္တနားနေရန်နေရာများ စီစဉ်ထားရှိခြင်းစသည့် လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များနှင့် စေတနာ့ ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)