ရမည်းသင်း ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲကို ဇန်နဝါရီ ၁၈ရက် နံနက်(၁၀) နာရီ ကကျင်းပပြုလုပ်သည်။
အဆိုပါ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ပြိုင်ပွဲကျင်းပရခြင်းနှင့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အလယ် တန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲတွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၅)မြို့မအခြေခံပညာ အထက်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၅) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင် (ခရိုင် ပြန်/ဆက်)